Showing posts with label Burmese Version. Show all posts
Showing posts with label Burmese Version. Show all posts

ပထမဆုံးအကြိမ် ဇိုမီး လူငယ်များ ညီလာခံ၏ တီးတိန်မြို့သဘောထားကြေငြာချက်

ဇိုမီး လူငယ်များ ညီလာခံ
Zosuan Tuailai Khawmpi

၂၀၁၃ ခုနှစ် ဇွန်လ ၉ ရက်
2013 kum Junekha ni 6
တနင်္ဂနွေနေ့
Nipi ni
တီးတိန်မြို့၊ ခုပ် ရာပြည့် ခန်းမ (CCJ Hall) ။
Tedim Khuapi, Cope Centennial Jubilee Hall.


ပထမဆုံးအကြိမ် ဇိုမီး လူငယ်များ ညီလာခံ၏ တီးတိန်မြို့သဘောထားကြေငြာချက်
A Masa pen Zosuan Tuailai Khawmpi, Tedim Tangkona
ပြည်ထောင်စု မြန်မာနိုင်ငံနွယ်ဖွား ဇိုမီးတိုင်းရင်းသား လူငယ်များမှ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့တွင် ၂၀၁၃ ခုနှစ် ဇွန်လ ၅ ရက်နေ့မှ ၉ ရက်နေ့အတွင်း ကျင်းပပြုလုပ်သော ပထမဆုံးအကြိမ် ဇိုမီးလူငယ်များ ညီလာခံကြီးအား အောင်မြင်စွာ ကျင်းပရာ မှ အောက်ပါ သဘောထား ကြေညာချက် (၇) ရပ်ကို ထုတ်ပြန်လိုက်သည်။
Kawlgam tualsuak minam khat ahi Zomi khangnote in Zogam (Chin State) saklam a om Tedim khuapi ah 2013 June kha ni 5 pan ni 9 ni dong akibawl a khat vei na Zosuan Tuailai Khawmpi pan anuai a bangin tangkona thu (7) kinei hi.

၁။ မြန်မာနိုင်ငံအတွင်း အဆင်းရဲဆုံးပြည်နယ် အဖြစ်သတ်မှတ်ခံရသည့် ချင်းပြည်နယ်အတွက် အထူးဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်း တစ်ရပ်ကိုပြည်ထောင်စု အစိုးရမှ ဖော်ဆောင်ပေးရန်။
1. Kawlgam sunga a zawngpen gamke khat in a kiciamteh ahi Zogam (Chin State) adingin a bucing khantohna dingin gambup kumpi in hong vaihawm sak nading.
၂။ မြန်မာနိုင်ငံအတွင်း တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုံး အနိမ့်ဆုံးဖြစ်သော ချင်းပြည်နယ်အတွက် ပညာရေး အထူးမြင့်တင်ရေး အစီအမံများဖော်ဆောင်ပေးပါရန်နှင့် စာမတတ်မြှောက်သူဦးရေ ဒုတိယအများဆုံးမြို့နယ်ဖြစ်သော တီးတိန်မြို့နယ် အတွက် ရေရှည်သဘောဆောင်သော ပညာရေးအထူး စီမံကိန်းတစ်ရပ် စီစဉ်ဆောင်ရွက်ပေးပါရန်။
2. Kawlgam sungah Tan 10 ong atawmpen ahi Zogam (Chin State) ading in pilsinna ah a tuam vilvel in khantohna hong vaihawm sak nang leh laitheilo mimal atampen nihna khua ahi Tedim kuam a ding in pilsinna tawh kisai khantohna dingin hunsau gelna hong neihsak nading.
၃။ ချင်းပြည်နယ်တွင် လူဦးရေအများဆုံးဖြစ်သော တီးတိန်မြို့နယ်အား ချင်းပြည်နယ် မြောက်ပိုင်းတစ်ခုလုံး၏ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ပိုမိုလျင်မြန်သွက်လက်စေရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် ခရိုင်အဆင့် သတ်မှတ်ပေးပါရန်။
3. Zogam (Chin State) ah mimal atampen tenna Tedim khuapi pen Zogam saklambup (Northern Chin State) kizopna, kumpi zum nasep na te amanlang zawk theih nading leh abucing khantohna ding in District ciang ah hong piak nading.
၎။ ချင်းပြည်နယ် အတွင်းရှိ မြွေတောင်နီကယ်သတ္တု စီမံကိန်းအား ဒေသခံလူထု၏ ဆန္ဒသဘောထားနှင့် အညီ ဆိုင်းငံ့ပေးပါရန်။
4. Zogam (Chin State) sunga om Gullu Mual sikngo toh nading ( Mwetaung Nickel Project) vaihawm na pen tualsuak mipi deihna tawh kituakin hong dinkhawl phot nang.
၅။ ဒေသခံပြည်သူလူထုများ၏ တည်ငြိမ်အေးချမ်းရေးကို ထောက်ရှုသောအားဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော် မှအပ အခြားမည်သည့်လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဆက်ဆံရေးရုံး ဖွင့်ခြင်း သွားလာလှုပ်ရှားခြင်း များအား အမြန်ဆုံးဖယ်ရှားပေးပါရန်။
5. Amun amual a om tualsuak mite lungmuanna khualna in, kumpi palik leh kumpi galkapte a hilo adang thautawi kipawlna tuamtuam te i kizopna zum honna leh gam sungah sungtum pusuah nate, a manlangpen in hong hepkhiatsak nang.
၆။ ချင်းပြည်နယ် အစိုးရ၏စီမံချက်တစ်ခုဖြစ်သည့် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး ဆောင်ရွက်မှုများအား ပိုမိုထိရောက် မြန်ဆန်စွာဆောင်ရွက်ပေးနိုင်ရန်
6. Zogam (Chin State) kumpi i vaihawmna khat ahi, zavom ciinna abei nading vaihawm nate aman langpen leh muibun takin hong vaihawm nang.
၇။ တိုင်းရင်းသားစာပေ သင်ကြားခွင့်အား သင်ရိုးညွှန်းတမ်းတစ်ခုအဖြစ် သတ်မှတ်ပြီး ကျောင်းချိန်တွင်း ဘာသာရပ် တစ်ခုအဖြစ်သင်ကြားခွင့်ပြုပါရန်
7. Minam lai sin theihna ding phalna pen kumpi sanglai sinna hun sungah khatin hong helsak nading.

၂၀၁၃ ခုနှစ် ဇွန်လ ၉ ရက်
တနင်္ဂနွေနေ့
တီးတိန်မြို့၊ ခုပ် ရာပြည့် ခန်းမ၊ ချင်းပြည်နယ်၊ မြန်မာနိုင်ငံ
Tedim Khuapi, Cope Centennial Jubilee Hall.
See More...

Chin state ah Vompi sahawm


See More...

Kipawlna 4 pan, Gullu mual vai, statement

See More...

Gullu mual vai sangnaupang te' tung pan, statement

See More...

CNF/ CNA (STOP): statement by ZAT

See More...

Gullu mual vai statement

See More...

CNRWG pan Gullu mual vai statement

See More...

Gullu mual vai laihawm

Thu buai (Kawl le Muslim) om dek tak a kici pen ahi mah hi. Abeisa nipi sungin kawlpi kipawlna tuamtuamte le biakna te adiak in kawl le muslim te kimuh khopna khat kinei khin hi keileh a kibuai ding thu hi mah hi.
Tua kimuhna ah thusia khat peuhpeuh a pian lohna dingin i mi isa ciat hoih takin kem ding hi hang ci in makai lamte a kiho khol ahi hi. 
Gullu vai pen tu tung Hakha hluttaw aman ciangin company le state goverment kikhawl in Tedim.Tonzang le Mualbul khuate ah mipi tawh kimuh khopna neih ding gelna nei uh hi. Mai nipi sung hi pah ding ahih manin tua lapin i sepnop le seplop phamawh pian ong tam lua peuh mah hi. 26 khawmpi man ( photo ) te video, laibu te zong hih theihzah in a kisem ziahziah hi mai hi. Asawt loin kipusuah zo ta ding hi.
Tedim, Tonzang tawh zong a kisam bangin kizopna kibawl a,a hoih pen ong piang khia dingin i lam en hi.
Gullu via laihawm masa Vol i, Issue 1 zong ong khah ing. U te naute aw hih laipen amun amual om mipite le thunei lamte sim theih ding lunggulhna tawh kawl lai in a kibawl ahi hi. Hehpihna tawh a lem peuhpeuh in kawl lai pan Zolai ah ahi zongin Manglai ah ahi zongin nong letkik sak nading un zong ong thum nuam ung. Pan theihna tek pan dianghuan dih ni cih kizawn nuam hang. 
liantuang
kawlpi (09400511757)
See More...

Gullu mual thu laihawmna

See More...

ZCD pan Zomi nampi ni tangkona (Kawllai)


See More...

ZCD ( Zomi Congress for Democracy)မှ ပူဂင့်ခန့်လျန်း သမ္မတနှင့် တွေ့ဆုံ

ZCD( Zomi Congress for Democracy )မှ ပူဂင့်ကမ်လျန်း( Pu Gin Kam Lian) နှင့် တိုင်းရင်းသားပါတီခေါင်းဆောင်များ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရန်အတွက် ရန်ကုန်မှ နေပြည်တော် သို့ ၄/၈/၂၀၁၂ နံနက် ၇း၃၀ တွင်ရောက်ရှိကြပါသည်။ အရေးကြီး ပုဂ္ဂိုလ်များနားနေခန်းတွင် ခေတ္တအနားယူကြပြီနောက် သမ္မ္မတကြီးနှင့် အတူ Farm Resident သို့သွားရောက်ခဲ့ကြပါသည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါညွန့်ပေါင်းပါတီ UNA မှ SNlD, ALD, MDP , ZCDနှင့် NUP ပါတီမှ ခေါင်းဆောင်းတစ်ဦးစီနှင့် ၂၀၁၀ ရွေးကောက်ပွဲမှ CPP, KPP နှင့် အခြားပါတီများမှခေါင်းဆောင်များ စုစုပေါင်း ၁၆ဦးဖြစ်ပါသည်။

ပါတီတိုင်းသည် အဆိုတင်တွင်းမှုများပြုလုပ်ခဲ့ကြပြီး သမ္မတနှင့် တွေ့ဆုံချိန်မှာ ၉း၀၀-၁၃း၃၀ ဖြစ်ပါသည်။ တိုင်းရင်းသားပါတီများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းမှုကြောင့် ပြည်တွင်းစစ်များတွေ့ကြုံနေရကြောင်း၊ ထို့အပြင် လက်ရှိထက်ပိုမိုပြည့်စုံကောင်းမွန်သော ဖွဲ့စည်းပုံနှင့် ပင်လုံစာချုပ်ကို လက်စွဲပြု၍ ပြည်တွင်းအုပ်ချုပ်မှုများပြုလုပ်နိုင်ရန်နှင့်ပတ်သက်၍ အလေးထားပြောဆို တင်သွင်းကြပါသည်။ အခြားပါတီခေါင်းဆောင်များသည် လယ်သမားများအရေး၊ လယ်ယာမြေများကို အဓမ္မသိမ်းယူခြင်းများပပျောက်ရန်နှင့် ပုဂ္ဂလိက အသင်းများပိုမိုလွတ်လပ်ခွင့် ရနိုင်ရန် အလေးထားပြောကြားသွားကြပါသည်။

ZCDသည် ရှေးဦးစွာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှစ၍ ခေတ်အဆက်ဆက် အစိုးရတိုင်းသည် ပင်လုံစာချုပ်ကို အလေးမပြု ပစ်ပယ်ကြပြီး၊ ဖွဲ့စည်းပုံ(Constitution) တွင်လည်း ပင်လုံစာချုပ်၏ အနှစ်သာရကို ထည့်သွင်းထားခြင်းမရှိသောကြောင့် ယနေ့အထိ ပြည်တွင်းစစ်သည် အနှစ် ၆၀ ကျော် ငြိမ်းအေးနိုင်ခြင်းမရှိခဲ့ပေ။ သမ္မတကြီးဦးသိန်းစိန်၏ ဦးဆောင်မှုဖြင့် ပင်လုံညီလာခံကဲ့သို့သော တိုင်းရင်းသားပေါင်းစုံညီလာခံ တစ်ရပ် ပြုလုပ်နိုင်ရေးသည် မိမိတို့အနေဖြင့် အားရကျေနပ်မိသော အချက်တစ်ခုဖြစ်ပါသည်။ လူမျိုးပေါင်း ၁၃၅ မျိုးမှ ခေါင်းဆောင်များနှင့်တွေ့ဆုံမှုထက် တိုင်းရင်းသားပါတီများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ ဒီမိုကရက်တစ်ပါတီများ၊အစိုးရ လူကြီးများနှင့် တပ်မတော်မှ ခေါင်းဆောင်းများ စသည်ဖြင့် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များပါဝင် တွေ့ဆုံနိုင်းခြင်းသည် ပို၍ လက်တွေ့ကျသောတွေ့ဆုံမှု ဖြစ်ပေလိမ့်မည်။ ယင်းညီလာခံတွင် အနှစ် (၆၀) ကျော် ပြဿနာများ၊ နာကြည်းမှု၊ မကြေနပ်မှု၊ အာဃာတများ စသည်ဖြင့် မိမိတို့ရင်ထဲကတိုင်း ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးကြပြီးသကာလ ပင်လုံစိတ်ဓာတ်ကို အခြေပြုသော ပေါလစီ တစ်ရပ်ရေးဆွဲကြမှသာ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တသော ထာဝရ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။  ယခုလက်ရှိ သမ္မတဦးဆောင်သော တစ်ပြည်လုံးအေးချမ်းငြိမ်သက်မှု နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် လည်း မိမိတို့ ZDCမှ တတ်အားသမျှ ပါဝင်ကူညီ ကြပါမည်ဟူ၍၄င်း ပမာဏစကားဦးခြွေပါသည်။

ZDCသည် ချင်းပြည်နယ်(Zogam)နှင့် ဇိုမီး(Zomi) အတွက် အဆိုတင်သွင်းရာတွင် အချက် (၈)ချက် တင်သွင်းခဲ့ပါသည်။ ယင်း(၈) ချက်တို့အထဲမှ (၂)ချက်ကို ချက်ချင်းဆောင်ရွက်ပေးနိုင်မည်ဟု သမ္မတကြီးက လက်ခံပြောဆိုခဲ့ပြီး အခြားသောအချက်များကို ဆက်လက်သုံးသပ်သွားမည်ဟုဆိုပါသည်

ZDCမှ အဆိုပြုချက် နံပါတ်(၁) နှင့် (၈)ကို ချက်ချင်းဆောင်ရွက်ရန် လက်ခံခဲ့ပြီး အခြားသော အချက်များထဲမှ မေတေ(  Meitei or ကသည်း)အရေးနှင့်ပတ်သက်၍ အသေးစိတ် လေ့လာပါဦးမည်ဟုဆိုပါသည်။ CNF ကိစ္စနှင့် ပတ်သက်၍ ဆက်လက်သည်းခံပေးရန်လည်းကောင်း တီးတိန် ခရိုင်အတွက်မူ ချင်းပြည်နယ်လွှတ်တော်မှ ချမှတ်ပြီးသာ ဆုံးဖြတ်ချက်ကို အမျိုးမျိုးပြောင်းလဲရန်ခက်ခဲကြောင်း ပြောဆိုပါသည်။( အလာကောင်းပေမယ့် အခါနှောင်းသည့်ပုံ)။[ ပါတီ (၁၄)ခုမှ ခေါင်းဆောင်များ သမ္မတနှင့် အစီအစဉ်အတိုင်း တွေ့ဆုံမှုအပြီး ခေါင်းဆောင်များ  အလ္လာပသလ္လာပ စမြည်ပြောဆိုချိန်တွင် ပူဂင့်ခန့်လျန်း(Pu Gin Khan Lian) သည် သမ္မတဦးသိန်းစိန်အား "ကလေးမြို့မှာ ဓကစမှူး အနေဖြင့် တာဝန်ထန်းဆောင်စဉ်အခါက ဇိုမီးများအတွက် အရေးကြီးတဲ့လူကြီးတစ်ဦး အနေနှင့် ရှုမြင်ခဲ့မိသည်' ဟုပြောဆိုရာ သမ္မတကြီးက ပြုံးတုံ့တုံ့နှင့် ကြည့်သည်ဟုဆိုပါသည်။]  နေပြသည်တော်မှ ပူဂင့်ခန့်လျန်းနှင့်အဖွဲ့သည် ရန်ကုန်မြို့သို့ မွန်းလွဲ ၄း၀၀ နာရီတွင် ချောချောမောမေဖြင့် ပြန်လည်ရောက်ရှိခဲ့ကြသည်ဟု သတင်းရရှိပါသည်။

မှတ်ချက်။    ။ ဥက္ကဌ ပူကျင့်ရှင်းထန် သည် USA သို့ ခေတ္တ အလည်သွားရောက်ခိုက် နေပြည်တော်သို့တွင် သမ္မတနှင့် တွေ့ဆုံ ရင် ကိစ္စပေါ်ပေါက်လာသဖြင့်လည်းကောင်း၊ တစ်ပါတီမှ တစ်ဦးတည်းသာ သွားရောက်ရမည်ဆိုသဖြင့်လည်းကောင်း ပူဂင့်ခန့်လျန်း သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပါသည်။

Info Team

ZCD

၎ သြဂုတ် ၂၀၁၂

      ZCD ( Zomi Congress for Democracy)မှ ပူဂင့်ခန့်လျန်း သမ္မတနှင့် တွေ့ဆုံရာတွင် အဆိုတင်သွင်းသည့်အချက်(၈)ချက် အကျဉ်း
(1) Zogam(ချင်းပြည်နယ်) တွင် နိုင်ငံခြားသား ခရီးသည်များ သွားရောက်လည်ပတ်ခွင့်ရှိသည်ဆိုေ
သ်ာလည်း ဟားခါး၊ ဖလမ်း၊ တီးတိန်နှင့်                                ထန်တလန်စသောမြို့များတွင် နိုင်ငံခြားသားများ လွတ်လပ်စွာ ခရိးသွားခွင့်မရရှိသေးပါ။ Zogam ဖွံ့ဖြိုးတိုးတက်နိုင်ရန် Tourist၊ NGo၊ INGO စသည်တို့၏ ပံ့ပိုးကူညီမှုများလိုအပ်ပါသည်။

(၂)အစိုးရသည် နယ်စပ်ဒေသ ခက်ခဲမှုကြောင့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားများကို ဆေးတက္ကသိုလ် သို့တက်ရောက်နိုင်ရန် အထူးစီစဉ်ပေးမှုကို ကျေးဇူးတင်ကြောင်းနှင့် ယင်းနည်းတူ ရေကြောင်း၊ သစ်တောနှင့် ကာကွယ်ရေး စသော တက္ကသိုလ်များ အသီးသီးတွင်လည်း အထူးကူညီစီစဉ်ပေးနိုင်ရန်။

(၃)မကြာသေးခင်ကာလက ရခိုင်ပြည်နယ်တွင် လူမျိုးရေးအထိကရုန်းများဖြစ်ပွားခဲ့ပါသည်။ ယင်းကဲ့သို့ Zogam တွင်လည်း Meitei(ကသည်း) များဝင်ရောက်မှုကြောင် လူမျိုးရေးပြဿနာဖြစ်ပေါ်လာမည်ကို စိုးရိမ်မိပါသည်။ တွန်းဇံမြို့နယ်တွင် အယောက် ၁၅၀၀ ခန့်နေထိုင်ကြပြီး တားမြစ်ဆေးပင်များစိုက်ပျိုးကာ အိမ်ရှင်ပြည်သူများကို အမျိုးမျိုး ညှင်းဆဲမှုများ မကြာခဏပြုလုပ်ပါသည်။ ထို့ပြင် ကျီခါး၊တွန်းဇံ၊ တီးတိန်၊တမူးနှင့် ကလေးမြို့များတွင် ရုံများဖွင့်လှစ်ပြီးလွတ်လပ်စွာနေထိုင်ကြပါသည်၊။ ၄င်းတို့၏ အပြုအမူသည် အနာဂတ်အတွက် ရင်လေးဖွယ်ဖြစ်ပြီး ပြဿနာများ ဖန်တီးကြီးထွားလာနိုင်ပါသည်။

(၄) အစိုးရနှင့် CNFကြားငြိမ်းချမ်းရေး ရယူမှုနှင့်ပတ်သက်၍ အပြည့်အ၀ မဟုတ်သော်လည်းကြိုဆိုပါသည်။ ငြိမ်းချမ်းရေးရယူ ပြီးသည့်အလျောက်
တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်အတွင်းရှိ စစ်တပ်များကို ပြန်လည်ရုတ်သိမ်းပေးရန် အဘယ့်ကြောင့်ဆိုသော် အစိုးရစစ်သားများသည် ယင်းမြို့နယ်အတွင်းရှိ ပြည်သူများအား လုပ်အားပေးခိုင်းစေခြင်းများ၊ ခြံမွေးတိရိစ္ဆာန်များကို မတန်တဆဈေးဖြင့် အဓမ္မ၀ယ်ယူခြင်းသည် ပြည်သူများကို ဒုက္ခရောက်စေပါသည်။ ထို့အပြင် တီးတိန်၊တွန်းဇံနှင့် ကျီခါးမြို့နယ်များတွင် CNFမှ ရုံးမဖွင့်ရန် ပြည်သူပေါင်း (၇) သောင်းကျော်၏ သဘောမတူညီိမှု စာတမ်းလွှာကိုလည်း တင်သွင်းပြီးဖြစ်ပါသည်။ သို့ပါသော်လည်း CNF သည် ရုံးဖွင့်ရန် ကြိုးပမ်းမှုများ ပြုလုပ်နေပါသဖြင့် မြို့ခံ ပြည်သူများနှင့် ပြသနာများ မဖြစ်ထွန်းရန် အလျှင်အမြန် တားမြစ်ပေးပါရန်။

(၅) ချင်းပြည်နယ်မြောက်ပိုင်းတွင် ခရိုင်တစ်ခု ထပ်မံတိုးမြှင့်ရန် ချင်းအစိုးရဌာနမှ ၁၃/၃/၂၀၁၂ ရက်နေ့ အစည်းအဝေးတွင်  တီးတိန်၊တွန်းဇံနှင့် ကျီခါး သုံးမြို့နယ် အတွက် တီးတိန်မြို့ကို ခရိုင်အဖြစ်သတ်မှတ်ရန် ဆုံးဖြတ်ချက်အရ နေပြည်တော် မြန်မာအစိုးရ ထံသို့ သတင်းပို့ထားပြီးဖြစ်သော်လည်း ၁.၆.၂၀၁၂ တွင် ချင်းပြည်နယ်လွှတ်တော်မှ ဟားခါးနှင့် ထန်တလန် အတွက် ဟားခါးမြို့ကို ခရိုင်အဖြစ်သတ်မှတ်ခဲ့ကြပါသည်။ ထို့ကြောင့် ချင်းပြည်အစိုးရဌာန နှင့် ချင်းပြည်နယ်လွှတ်တော် တွင် အဘယ်က မဏ္ဏိုင်ဖြစ်ကြောင်းဝေခွဲမရ ဖြစ်စေပါသည်။ ချင်းပြည်အစိုးရသည် ၁၃.၃.၂၀၁၂ အစည်းအဝေး ၁၇/၂၀၁၂ နှင့် အညီ မှန်ကန်စွာ ဆောင်ရွက်ပေးပါရန်။

(၆) သမ္မတကြီးသည် မေတ္တာဂရုဏာ ရှေးရှူပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးသဖြင့် ကျေးဇူးတင်ရှိကြောင်း၊ ဇိုမီး လူငယ် Go Pian Sing ပုဒ်မ ၃၃/ခ အီလက်ထရောနစ်အမှုဖြင့် တောင်ငူ အကျဉ်းထောင်တွင် ၁၅နှစ် အကျဉ်းကျနေမှု အပေါ် သမ္မတကြီးအနေဖြင့် ကူညီစေသနာထားပေးရန်။

(၇) ၂၀၀၈ ခုနှစ် အခြေခံဥပဒေနှင့် အညီ Union Territory ကို အချို့သော လူမျိုးစုများသည် ခံစားခွင့် ရရှိသည့်နည်းတူ မိမိတို့သည်လည်း ချင်းပြည်နယ်အတွင် နေထိုင်ကြသည့် လူဦးရေ(၁၆၀၀၀၀)ကျော် ရိုးရာ ထုံးတမ်းအစဉ်အလာတူညီကြတူများဖြစ်ကြသဖြင့် တီးတိန်၊ တွန်းဇံနှင့် ကျီခါးမြို့နယ် ပေါင်းသုံးမြို့နယ်ကိုလည်း Union Territory ခံစားခွင့် ရရှိနိုင်ရန် သမ္မကြီးအနေဖြင့် ကူညီစဉ်းစားပေးရန်။

(၈) နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး အတတ်သင်တန်းကျောင်းသည် ဗုဒ္ဓဘာသာ သာသနာ၏ ဖွင့်လှစ်ခြင်းမဟုတ်သော်ငြားလည်း အစိုးရ၏ပြည်သူများအတွက် ချမှတ်ပေးသည့် ၄င်းကျောင်းတွင် ခရစ်ယာန်ဘာသာဝင်များအမျုားစု ဖြစ်သော ချင်းပြည်နယ်ရှိကျောင်းသားများကို သင်္ကန်းစီးစေခြင်း နှင့် (၃၈)ဖြာ မင်္ဂလာ တရားများကို နေ့တိုင်းရွတ်ဆိုစေခြင်းများသည် ချင်းပြည်နယ်တွင် ဖြစ်ပျက်နေသဖြင့် မိဘပြည်သူများအနေဖြင့် ရင်လေးအသည့်အဖြစ်၊ ဘာသာရေးကျောင်းမဟုတ်သဖြင့် လောကီပညာ အစစ်အမှန် သင်ကြားပေးသောကျောင်းများဖြစ်လာစေရန် သမ္မတကြီးအနေဖြင့် ကြည့်ကြပ်လေ့လာ ဖြေရှင်းပေးပါ။

Sr: ZCD info
See More...

CNF invited Zomi

Chin National Font(CNF/A) မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Dr. Sui Khar နှင့်Pu Rokhawma(member) တို့သည် ဇူလိုင်လ ၂၈ ရက်၊၂၀၁၂ (၁၆း၀၀-၁၉း၀၀)တွင် ဇိုမီး(ချင်း)လူမျိုးရှိ ပါတီခေါင်းဆောင်များကို ခေါ်ဖိတ်ပြီး၊ လိုင်နှစ်ခြင်းအသင်းတော်၊ အမှတ် (၄၁)၊ ဦးအောင်မင်းလမ်း၊ မရမ်းကုန်းမြို့နယ် တွင် ဇိုမီးသာသနာခေါင်းဆောင်များနှင့် နိုင်ငံရေးခေါင်းဆောင်များနှင့် အတူ ဇိုမီးအမျိုးသားများ၏အနာဂတ် အတွက် တွေ့ဆုံဆွေးနွေးမှုနှင့် မိတ်ဆုံစားပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း ZCD ရုံးချုပ်မှ သတင်းရရှိပါသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် ZNC(ZCD) မှ Pu Chin Sian Thang (Chairman of Zomi Congress for Democracy) နှင့် Pu Gin Kam Lian (General Secretary of ZCD) တို့အား ဖိတ်ကြားထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ZCD ပါတီအနေဖြင့် တက်ရောက်နိုင်ခြင်းမရှိကြောင်းကို ZCD Information Centre, Yagon မှ Tongsan Media ကိုသတင်းပေးပို့ခဲ့ပါသည်။ ဇိုမီးအမျိုးသားများမှ Rev. Dr. S. Pau Khan En (President of GZA & Paster of TBCY)၊ Prof. Dr. C Thang Za Tuan (President of Teddim Association, Yangon)တို့နှင့် အတူ ရန်ကုန်မြို့နေ ဇိုမီး(ချင်း)သာသနာ့ခေါင်းဆောင်းများနှင့် နိုင်ငံရေးခေါင်းဆောင် ၄၂ ဦးခန့်ကို ဖိတ်ကြားထားသည်ဟု သိရှိရပါသည်။

Source by:ZCD Information Department
See More...

တီးတိန်မြို့ တစ်မြို့လုံးရှိ ဈေးဆိုင်ခန်းများ ဖွင့်လှစ်ခြင်း မရှိ

ယနေ့ ဇွန်လ ၈ ရက်၊ ၂၀၁၂ ခုနှစ်တွင် ချင်းပြည်နယ် တီးတိန်မြို့သို့ ဦးဟုန်းငိုင်း( U Hong Ngai) အလည်အပတ်ရောက်ရှိမည်ဟုသိရှိရပါသည်။  ဤနေ့ရက်တွင် တီးတိန်မြို့ တစ်မြို့လုံးရှိ ဈေးဆိုင်ခန်းများ ဖွင့်လှစ်ခြင်း မရှိသည့်အပြင် တိတ်ဆိတ်စွာနေထိုင်ပြီး သူ့အားအရေးမလုပ်ရန် တစ်မြို့လုံးရှိပြည်သူများက သဘောတူညီထားပါသည်။
ဤကဲ့သို့ပြုလုပ်ရခြင်း၏အကြောင်းမှာ တီးတိန်မြို့အား ခရိုင်အဖြစ်သတ်မှတ်ပေးရန်တောင်းဆိုမှုကို ပယ်ချသောကြောင့်ဖြစ်သည်ဟုသိရှိရပါသည်။

ယင်းအပြုအမူသည် တီးတိန်မြို့ရှိ အုပ်ချုပ်ရေးတာဝန်ရှိသူများ(ပါတီဝင်)နှင့် မြို့မိမြို့ဖမျုား၏ အဆိုပြုချက်ဖြစ်ပြီး မြို့သူမြို့သားများအားလုံးက လွန်စွာမှပင်သဘောတူကြသည် ဟုလည်းကြားသိရပါသည်။ အမိန့်အာဏာဖြင့် ဆိုင်ခန်းများပိတ်ရန် ခိုင်းစေခြင်းမဟုတ်သောကြောင့် စားဝတ်နေရေးစသော အခြေနေအရပ်ရပ်ကြောင့် အနည်းငယ်သောဈေးဆိုင်များမှာ ပုံမှန်အတိုင်းပင် ဆိုင်ဖွင့်ဖြစ်လိမ့်မည်ဟုလည်းသိရှိရပါသည်။

Sr. Suakim
See More...

ဇိုမီးအဖွဲ့အစည်း(သြစတေးလျ)မှ အရေးပေါ် စည်းဝေးမှတ်တမ်း

အကြောင်းအရာ။    ။မြန်မာနိုင်ငံတွင် 'ဇိုမီး'မရှိဟု အစိုးရထုတ်ပြန်သည့်ကိစ္စ္စ။

မြန်မာနိုင်ငံတွင် ဇိုမီး အမှန်အကန်ရှိကြောင်းပြရန်၊ ကင်ဘာရာ(Canberra)မြို့ရှိ မြန်မာသံရုံးနှင့် သြစတေးလျ ပါရီမန် အိမ်တော်တွင် ဆန္ဒထုတ်ဖော်ရန်အတွက် အကြီးအကျယ် ဆွေးနွေးပြီးချိန်တွင် ၂၈/၀၅/၂၀၁၂ ရက်နေ့ ကင်ဘာရာမြို့တော်တွင် စတင်ပြီး ၂၇ ရက်နေ့ ညနေစာစားအပြီး ည ၈း၀၀ အချိန်တွင် မဲလ်ဘုန်း(Melbourne)မှ စတင်ထွက်ခွါရန် သဘောတူမှု ရရှိခဲ့ပြီး မဲလ်ဘုန်း(Melbourne)မှ အနည်းဆုံးလူအင်အား အယောက် ၅၀ ခန့် ပါဝင်နိုင်ရန် အတည်ပြုခဲ့ကြသည်။

ပါဝင်ချီတက်မည့်သူတိုင်းသည် $50 စီကို လမ်းစရိတ်အတွက်ယူဆောင်လာကြရန်ဖြစ်ပြီး၊ ယာဉ်စီးခအတွက် လိုအပ်သော ငွေကြေးများကို ZAA ရန်ပုံငွေမှ လွဲယူကာ ထွက်ခွါချိန်တွင် ZAA ဘဏ္ဏာရေးမှူး မောင်နန်ခိုခိုင်(Tg Nang Khaw Khai)သည် ယာဉ်စီးခကို လိုက်လံကောက်ခံမည်ဖြစ်သည်။ ထွေထွေ အသုံးစရိတ်အဖြစ် ZAA မှ $500 ကိုစီမံထားပါသည်။ 

ပါဝင်လိုသူများသည် ၂၁/၀၅/၂၀၁၂ ရက်နေ့ ည ၈း၀၀ နာရီမတိုင်မှီ ဦးဇိုခိုင်(Pa Zokhai)၊ ဦးဆောမ်းထန်(Pa Sawm Thang)၊ မောင် ဒါလ်းခက်(Tg Dalkhek)နှင့် ဦးနန်ခန့်ခုပ်(Pa Nang Khan Khup)တို့ထံ အမည်စာရင်းပေးသွင်းကြရန်၊ ယာဉ်နှင့် အခြားလိုအပ်သည်များကို ကြိုတင်စီမံနိုင်ရန်အတွက်ဖြစ်ပါသည်။

ဝိတူရိယားပြည်(Victoria State)မြို့တော် မဲလ်ဘုန်း(Melbourne)၊ Queensland မြို့တော် Brisbane၊ South Australia မြို့တော် Adelaide, New South Wales ပြည် Coffs Harbour နှင့် Wollongong မြို့တော်များရှိ ပါဝင်နိုင်သော ဇိုလူမျိုးများ စုစည်းပြီ Canberraမြို့တော်တွင်ပေါင်းဆုံရန်ဖြစ်သည်။

ZAA ဥက္ကဌ ဦးလျန်ဆွန်းခမ် နှင့် ဒုဥက္ကဌဦးဇင့်ခန့်လျန်းတို့က အစည်းအဝေးသဘာပတိအဖြစ် ပါဝင်ခဲ့ပြီး ဦးဇမ်းဇကျင့်၏ အဖွင့်ဆုတောင်းနှင့် အစည်းအဝေးစတင်ကာ ဒေါဝုန် President ZAA Women Department ၏ အပိတ်ဆုတောင်းဖြင့် အစည်းအဝေးအောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

အစီအစဉ်တိုင်းကို အောင်မြင်နိုင်ရန်အတွက် အယောက်စီတိုင်း ဆုမွန်ကောင်းတောင်းပေးကြပါ။

နန်ခန့်ခုပ် နောင်လပ်
အတွင်းရေးမှူး
ZAA

Nang Khan Khup Naulak
Secretary
ZAA
31/8-10 Emma Rd
Croydon
VIC 3136
See More...

မလေးရှားရှိ ဇိုမီးများ ငြိမ်းချမ်းစွာဆန္ဒပြ

ZNC( Zomi  National Congress Party) ပါတီသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ရာတွင် မြန်မာအစိုးရသည် Zomi ဟူသောလူမျိုးသည် မြန်မာနိုင်ငံတွင်မရှိဟု ကြေညာပြီး၊ မှတ်ပုံတင်ခြင်းကို ပယ်ချလိုက်ပါသည်။

ဤကိစ္စနှင့် ပတ်သက်၍ မလေးရှားတွင်နေထိုင်သော မြန်မာနိုင်ငံမှ 'ဇိုမီး'(Zomi)များသည်  မေလ ၂၈ ၂၀၁၂ ရက်နေ့တွင် မလေးရှားအစိုးရ၏ ခွင့်ပြုချက်ဖြင့် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးတွင် ဇိုမီး အမှန်တကယ်ရှိကြောင်း ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ ဆန္ဒပြကြပါသည်။

*Khup*
*Secretary
*International Save The Bird Inc.*
*ph +60104311451
See More...

မလေးရှားရှိ ဇိုမီးအမျိုးသားများ ဆန္ဒထုတ်ဖော်မည်

မြန်မာအစိုးရသည် "မြန်မာနိုင်ငံတွင် ဇိုမီးတိုင်းရင်းသားမရှိ"ဟုထုတ်ပြန်ကြေငြာသည့် ကိစ္စနှင့်စပ်လျဉ်း၍ "ဇိုမီးအမျိုးသား"အမှန်တကယ်ရှိကြောင်းကို မလေးရှားမြို့တော် ကွာလာလမ်ပူ(Kuala Lumpur)မြို့ရှိ မြန်မာသံရုံးရှေ့တွင် မေလ ၂၈ ရက်နေ့၌  Asia Pacific Zomi Protest Committee ၏ ဦးဆောင်မှုဖြင့် မလေးရှားနေ ဇိုမီးအမျိုးသားများ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြမည်ဖြစ်ကြောင်းသိရှိရပါသည်။

လွတ်လပ်စွာလုပ်ဆောင်နိုင်ရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများထံမှလည်း ခွင့်ပြုချက်တောင်းဆိုထားပြီးဖြစ်ကြောင်းလည်းသိရှိရပါသည်။ ထို့အပြင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှု(Peaceful Protest)ဖြစ်သောကြောင့် ကလေး၊လူကြီးမဟူ ပါဝင်နိုင်မည်ဖြစ်သည်။

Asia Pacific Zomi Protest Committee(APZPC) သည် 'ဇိုမီးအမျိုးသားမရှိ'ဟုထုတ်ပြန်သည့် လတ်တလောအခြေနေကြောင့်
 ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။

အလားတူ မေလ ၂၈ ရက်နေ့တွင်  ထိုင်း၊သြစတေးလျ၊ဂျပန်နှင့် အမေရိကန်စသော နိုင်ငံများ၌လည်း APZPC၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ နေရာဌာနများတွင် ဆန္ဒထုတ်ဖော်မှုများပြုလုပ်သွားမည် ဟုလည်း သိရှိရပါသည်။

*Khup*
*Secretary
*International Save The Bird Inc.*
*ph +60104311451
See More...

ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ (၂၀-၁၁-၂၀၁၀)

* ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့်
မိန့်ခွန်းအပြည့်အစုံ (၂၀-၁၁-၂၀၁၀) *

ကျမကို ဒီလိုတာဝန်ပေးတဲ့အတွက် အများကြီးပဲ ဂုဏ်ယူပါတယ်။ နောက်ပြီးတော့
တာဝန်ဆိုတာ အမြဲပဲ ကြီး မားတဲ့ ကိစ္စတခုပါ။ တာဝန်ကို ထမ်းရတယ်။
ထမ်းရတယ်ဆိုကတည်းက လေးတယ်ဆိုတဲ့ အဓိပ္ပာယ်တော့ရှိ တာပေါ့။ တာဝန်သေးသေးဆိုရင်တော့
ခပ်ပေါ့ပေါ့ပဲ ထမ်းရမယ်။ ဒီဟာကတော့ တာဝန်ကြီးကြီးဖြစ်လို့ ကျမ အင်မတန်မှ
လေးလေးနက်နက် စိတ်ထဲမှာထားလို့ တာဝန်ကျေပွန်အောင် ကြိုးစားပါ့မယ်။ ဒါပေမယ့်
ဒီလို ကျ မ တာဝန်ကျေပွန်အောင် လုပ်တဲ့အချိန်မှာ ကျမကို ၀န်းရံပြီးတော့
ကူညီပေးဖို့ လိုပါတယ်။ ကျမတို့ လူကြီးတွေ ကလည်း အကြံဉာဏ်ပေးဖို့၊ ဆုံးမစရာရှိတာ
ဆုံးမဖို့၊ ကျမတို့ အထူးသဖြင့် ကျမတို့ တိုင်းရင်းသားတွေဟာ ကျ မတို့
လုပ်ဖော်ကိုင်ဖက်ဟုတ်ရဲ့လားဆိုတာကို ကျမတို့ကို ပြဖို့၊ တချိန်လုံး
တယောက်နဲ့တယောက် တဘက်နဲ့ တဘက် စကားပြောဆွေးနွေးပြီးတော့ ဒီတာဝန်တွေကို
ထမ်းဆောင်သွားရမှာပါ။ ကျမတယောက်တည်း ကျမ သဘောနဲ့ ထမ်းဆောင်သွားလို့ မဖြစ်ပါဘူး။

အခု ဒီမှာရောက်နေတာက မျိုးဆက်တွေကလည်း စုံတယ်။ လူကြီးတွေ ... ကျမတို့ အခု
လာကန်တော့နေတဲ့ ဘဘတို့ရဲ့မျိုးဆက်တွေ၊ ကျမတို့ရဲ့ မျိုးဆက်တွေ၊
ကျမတို့ထက်ငယ်တဲ့ ၈၈ မျိုးဆက်တွေ၊ ၈၈ ထက်ငယ်တဲ့ လူငယ်တွေ မျိုးဆက်တွေပေါ့နော် …
ဒီမျိုးဆက်တွေ မျိုးဆက်တွေဟာ ဒီတာဝန်တွေကို ဆက်ပြီးတော့ ထမ်း ဆောင်သွားရမယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ အခုက အရေးကြီးတာက ကျမရဲ့အမြင်ကို ကျမ ပြောတာ
ပေါ့နော်၊ ညီလာခံတခုထက် အရေးကြီးတာက စိတ်ဓာတ်ပဲ။ အဲဒီတော့ ကျမတို့ဟာ
ပင်လုံစိတ်ဓာတ်ကို ဆက် ပြီးတော့ ရှင်သန်နေအောင်လုပ်သွားဖို့ဟာ
နောင်မျိုးဆက်တွေမှာလည်း တာဝန်ရှိတယ်။ အလုပ်တခုက ညီ လာခံတခုနဲ့
ပြီးသွားတာမဟုတ်ဘူး။ ဒီညီလာခံကနေပြီးတော့ အကောင်အထည်ဖော်လိုက်တဲ့ ကိစ္စတွေကို
အဓိပ္ပာယ်ရှိရှိနဲ့ ဆက်ပြီးတော့ ကျမတို့နိုင်ငံအတွက် ရပ်တည်သွားနိုင်ဖို့ဆိုတာ
အားလုံးရဲ့တာဝန်ဖြစ်တယ်။ ဒီမျိုးဆက်တခုတင် မပြီးသွားဘူး။ မျိုးဆက်တွေ
မျိုးဆက်တွေ ဆက်ပြီးတော့ လုပ်ရမယ်။ တိုင်းရင်းသားတွေ အားလုံး ညီညီညွတ်ညွတ်နဲ့
လုပ်ရမယ်။

အခု ကျမတို့ ဒီလိုဝါရင့်နိုင်ငံရေးသမားကြီးများကို ကန်တော့ပူဇော်ပွဲမှာ
ဒီလိုကိစ္စမျိုးနဲ့ ဆုံစည်းပြီးလုပ်တာ အင် မတန်မှ သင့်တော်တယ်လို့ ကျမ ထင်ပါတယ်။
တနည်းအားဖြင့် ဆိုလို့ရှိရင် ကျမတို့ ၀ါရင့်နိုင်ငံရေးသမားကြီး များ၊
ကျမတို့လူကြီးများက ကျမတို့ကို လက်ဆင့်ကမ်းပြီးတော့ တာဝန်ပေးအပ်တဲ့သဘောပါ။
အဲဒီတော့ ကျမ တို့ကလည်း အခုကတည်းက ဘွတ်ကင်လုပ်ထားရမှာပေါ့ (ရယ်လျက်)။
ကျမတို့ပြီးလို့ရှိရင် လူလတ်ပိုင်း၊ လူလတ်ပိုင်းကနေ လူငယ်ပိုင်း
အဆင့်ဆင့်လုပ်သွားရမှာပါ။ ဘယ်တော့မှ နိုင်ငံရေးဆိုတာ ပြီးတယ်လို့ မရှိပါ ဘူး။
နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ ဘယ်သူနဲ့မှလည်း ကင်းတယ်လို့မရှိဘူး။ ဘယ်တော့မှလည်း
ပြီးဆုံးသွားတယ် လို့မရှိဘူး။

အဲဒီတော့ ကျမတို့ ဒုတိယပင်လုံလို့ပဲ ပြောပြောပေါ့နော်၊ ကျမ ၂၁
ရာစုနှစ်ပင်လုံလို့ ပြောချင်တာက ၂၁ ရာစု အမြင်တွေနဲ့လည်း ကိုက်အောင် ၂၁
ရာစုနှစ်မှာ ကျမတို့ရမယ့် အခွင့်အရေးတွေ လုပ်ပုံလုပ်နည်းပေါ့နော် …
လမ်းကြောင်းတွေနဲ့ ကိုက်အောင်ဆိုပြီးတော့ ကျမက သုံးလိုက်တာပါ။ လူကြီးတွေပြောတဲ့
ဒုတိယပင်လုံဆို တဲ့ စကားကို ဖယ်ရှားတဲ့သဘောလည်း မဟုတ်ပါဘူး။ ထပ်ပြီးတော့
ဖြည့်ဆည်းပေးတဲ့ သဘောလို့ပဲ ကျမ မြင် စေချင်ပါတယ်။ ကျမတို့နိုင်ငံဟာ
တကယ့်ပြည်ထောင်စုစစ်စစ်ဖြစ်ဖို့ဟာ လူတိုင်းရဲ့တာဝန်ဖြစ်တယ်။

အဲဒီမှာတော့ ကျမတော့ ပြောရမှာပဲ။ ကျမတို့ ... ကျမက ဗမာဆိုတော့ ဒီလိုအခြေအနေမှာ
ပြောလို့လည်း ကောင်းပါတယ်။ လူများစုဖြစ်တဲ့ ဗမာတွေက ပိုပြီးတော့ ကြိုးစားရမယ်။
ဟို ... ငါတို့က လူများစုဆိုတာ အခွင့် အရေးယူဖို့ မဟုတ်ဘူး။ ပိုပြီးတော့
တာဝန်ယူဖို့။ အဲဒီလိုပဲမြင်ပါ။ ကိုယ့်မှာ အင်အားပိုပြီးတော့များလို့ရှိရင် တာ
ဝန်ပိုပြီးတော့ ယူရမယ်။ အခွင့်အရေးကို လျှော့ပြီးတော့ ယူရမယ်။ ဒါမှ လူ့သိက္ခာနဲ့
ညီညွတ်တယ်။ ဒါမှ ကျမ တို့နိုင်ငံအတွက် ကောင်းတဲ့အစဉ်အလာတွေ ဖြစ်နိုင်မှာပါ။ ကျမ
ဟို ... ဘဘဦးတင်ဦးလို စီကာပတ်ကုံးမပြော တတ်ဘူး (ရယ်လျက် ...)။ အဲဒီတော့
တိုတိုပဲပြောပါရစေ။

ကျမတို့ တော်လှန်ရေးဆိုတဲ့ … တော်လှန်ရေးသမားဆိုတဲ့ အဓိပ္ပာယ်ကို ကျမ
ခေါ်ဆိုတဲ့အခါမှာ တခါလည်း ပြောဖူးပါတယ်။ ဆရာကြီးမင်းသုဝဏ်ရဲ့ ‘သူ့မှာတမ်း’
ဆိုတဲ့ကဗျာပေါ်ကို အခြေခံပြီး ကျမ ပြောလေ့ရှိပါတယ်။ တော်လှန်းရေးသမားရဲ့
စိတ်ဓာတ်ဆိုတာ နောက်ဆုံးတိုင် ... နောက်ဆုံးဆုံးတိုင် … အဲဒီကဗျာကို မှတ်မိတဲ့
ဖတ်ဖူးတဲ့သူတွေ မှတ်မိတဲ့သူတွေဆို သိပါလိမ့်မယ်။ ဒီတော်လှန်ရေးသမားလေးဟာ
တော်လှန်ရေးမပြီးခင် ကျဆုံးသွားတဲ့အခါကျတော့ သူက တောင်းပန်သွားတယ်။
အားနာပါတယ်ပေါ့နော်။ နောက်ဆုံးအချိန်ထိ မနေ ခဲ့တာပေါ့နော်။ အဲဒီလိုပဲဖြစ်ရမယ်။
ကိုယ်က ဘယ်လောက်လုပ်ပေးပါတယ်ဆိုတာကို ပြောမယ့်အစား ကိုယ် ဒါ့ထက်ပိုပြီးတော့
မလုပ်ပေးနိုင်တာကို မကျေနပ်နိုင်ပါဘူး။ မလုပ်ပေးနိုင်လို့ တောင်းပန်ပါတယ်ဆိုတဲ့
စိတ် ဓာတ် ကျမတို့ အားလုံးမှာရှိရမယ်။ အဲဒီလိုစိတ်ဓာတ်နဲ့
လုပ်သွားမယ်ဆိုလို့ရှိရင် … တကယ်တော့ နိုင်ငံတနိုင် ငံရဲ့ တော်လှန်ရေးဆိုတာ ...
အခုဆိုရင် ကမ္ဘာကြီးမှာ သူတို့က အခုနောက်ဆုံးတော်လှန်ရေးကို IT တော်လှန်
ရေးပေါ့နော်။ ဒီလို သူတို့ခေါ်ကြတယ်။ နည်းပညာတော်လှန်ရေးပေါ့နော်။ အရင်တုန်းက
စက်မှုတော်လှန်ရေး လည်း ရှိခဲ့တယ်။ တကယ့် ပြင်သစ်တော်လှန်ရေး… တော်လှန်ရေးဆိုတာ
အမျိုးမျိုးပေါ့။ တော်လှန်ရေးဆိုတာ ဟာ အပြောင်းအလဲကြီးတခုပဲ။ သိသာတဲ့
အပြောင်းအလဲကြီးတခုပဲ။ အဲဒီလိုအပြောင်းအလဲတွေဟာ ကျမတို့ ကမ္ဘာကြီးတည်သရွေ့ ဒီလို
အပြောင်းအလဲတွေက ရှိနေမှာပဲ။ အဲဒီတော့ ကျမတို့ အားကိုးမှာ တော်လှန်ရေး
စိတ်ဓာတ်မွေးတယ်ဆိုတာ အဲဒါကို ပြောတာ။ ခေတ်နဲ့အညီ ကိုယ့်ရဲ့တာဝန်ကို
ဆုံးခန်းတိုင်အောင် ဆက်ပြီး တော့ ထမ်းဆောင်သွားချင်တဲ့ စိတ်။

အဲဒီတော့ အခု ကျမတို့ဟာ ခေတ်နဲ့အညီ ဒီပြည်ထောင်စုစိတ်ဓာတ်တွေကို ဘယ်တော့မဆို
ခိုင်မြဲသထက် ပို ပြီးတော့ ခိုင်မြဲအောင် လုပ်သွားရမှာက အဆုံးရှိမှာမဟုတ်ဘူး။
ဘယ်တော့မှ အဆုံးရှိမှာမဟုတ်ဘူး။ ဒီ ... ပင် လုံညီလာခံ
ဒုတိယပင်လုံညီလာခံခေါ်ပြီးလို့ရှိရင် ပြီးပြီဆိုတာလည်း မဟုတ်ဘူး။ ပင်လုံညီလာခံက
ဆုံးဖြတ် ချက်တွေကို အကောင်အထည်ဖော်ရမယ်။ ဆက်ပြီးဆက်ပြီးတော့
ဒီပင်လုံစိတ်ဓာတ်တွေကို ပိုပြီးတော့ ခိုင်မာ အောင်လို့ ပိုပြီးတော့
ကျယ်ပြန့်အောင်လို့ ကျမတို့ ဆက်ပြီးတော့ ကြိုးစားသွားရမယ်။ အဲဒီတော့ ကျမဒီမှာ
ခပ် တိုတိုနဲ့ပဲပြောပါရစေ။ ပေးအပ်ခဲ့တဲ့ … အခုပေးတဲ့ တာဝန်တွေကို
ကျေပွန်အောင်လို့ ကျမကြိုးစားပါ့မယ်။ ဒီလို ကြိုးစားတဲ့နေရာမှာ ၀ိုင်းပြီးတော့
ကူညီပေးကြပါ။ အကြံဉာဏ်ပေးကြပါ။ သဘောမတူရင်လည်း သဘောမတူ ဘူးလို့ ပြောကြပါ။
နောက်ပြီးတော့ ဘာဖြစ်လို့ သဘောမတူတာလဲ။ ကျမ လုပ်ပုံကိုင်ပုံကို သဘောမတူလို့ဆို
ရင် ဘာဖြစ်လို့ သဘောမတူတာလဲဆိုတာကို ပြောကြပါ။

ကျမက အဲဒီဘာဖြစ်လို့ဆိုတဲ့ဟာ ... မေခွန်းက အင်မတန် အရေးကြီးတယ်လို့ ထင်ပါတယ်။
မကြိုက်ဘူးလို့ ပြောရုံနဲ့မရဘူး။ ကြိုက်တယ်လို့ ပြောရုံနဲ့လည်း မရဘူး။
ကိုယ့်မှာ အကြောင်းအချက် ခိုင်ခိုင်မာမာ ရှိရမယ်။ အဲ ဒီတော့မှလည်း တဘက်က
နားလည်နိုင်မယ်။ ဘယ်လိုပြုပြင်ရမလဲ၊ ဘာဖြစ်လို့ ပြုပြင်သင့်သလဲဆိုတာကို သ
ဘောပေါက်မယ်။ အဲဒီတော့ ဒီတာဝန်ထမ်းဆောင်ဖို့အတွက် ကျမတို့
ဝါရင့်နိုင်ငံရေးသမားကြီးများဖြစ်ကြတဲ့ လူကြီးများ၊ ကျမတို့ရဲ့ အသက်အရွယ်
ကျမနဲ့ တမျိုးဆက်တည်းဖြစ်တဲ့ ပုဂ္ဂိုလ်များ၊ နောက်ပြီးတော့ ကျမတို့ ထက်ငယ်တဲ့ ၈၈
မျိုးဆက်လို့ပဲဆိုပါတော့ လူလတ်ပိုင်း၊ နောက်ပြီးတော့ တက်သစ်စဖြစ်တဲ့
လူငယ်ပိုင်းတွေ ဟာ အားလုံးဝိုင်းပြီးတော့ ကူညီကြပါ။ အားလုံးဝိုင်းပြီးတော့
လုပ်ကြပါ။ အားလုံးရဲ့တာဝန်ဟာ တယောက်ချင်း တယောက်ချင်းရဲ့ တာဝန်ဖြစ်တယ်ဆိုတဲ့
စိတ်ဓာတ်ကို ထားစေချင်တယ်။

ကျမတို့မှာ အားနည်းချက်တွေရှိလို့ရှိရင် အားနည်းချက်ဟာလည်း
လူတိုင်းနဲ့ဆိုင်တယ်။ အောင်မြင်မှုဟာ လည်း လူတိုင်းနဲ့ဆိုင်တယ်ဆိုတဲ့ စိတ်ကို
ထားချင်ပါတယ်။ တချို့ကျတော့ အားနည်းချက်ဆိုရင်တော့ ငါနဲ့ မ ဆိုင်ဘူး။
အောင်မြင်မှုဆိုတော့ ဒို့ပဲ ... ဒို့ပဲဆိုတာ အဲဒါကြီးကတော့ မဖြစ်ဘူးနော်။
အဲဒီစိတ်ဓာတ်ကိုတော့ ကျ မတို့ ဖယ်ရှားရမယ်။ ဒါဟာ ပုဂ္ဂိုလ်တဦးတယောက်ချင်းဟာလည်း
ဒီလိုစိတ်ဓာတ်ထားရမယ်။ အဖွဲ့အစည်းတ ခုချင်းကလည်း အဲလိုစိတ်ဓာတ်ထားရမယ်။ အဲတော့
ကျမတို့ လုပ်တာအောင်မြင်ရင် ဒို့ အန်အယ်လ်ဒီကွလို့ အဲလိုပြောတာဟာ အင်မတန်မှ
မှားတယ်။ ဒါပေမယ့် တချို့ကျတော့လည်း ကျမတို့ ဒီ နိုင်ငံရေးနဲ့ ပတ်သက် လို့
လုပ်တာတွေဟာ သိပ်အားမရဘူးဆိုရင် အဲဒါ အန်အယ်လ်ဒီပဲဆိုပြီးတော့
လက်ညိုးထိုးတာလည်းရှိတယ်။ အဲဒီနှစ်ခုစလုံးက မမှန်ဘူး။ မမှန်ဘူး။ အားလုံးတကယ်ပဲ
ကျမတို့ ဒီတိုင်းပြည်မှာ စစ်မှန်တဲ့ စိတ်ဓာတ်တော် လှန်ရေးကြီးကို
အောင်အောင်မြင်မြင် လုပ်ချင်တယ်ဆိုရင် အားနည်းချက်တွေကိုလည်း
အားလုံးနဲ့ဆိုင်တယ် ဆိုတဲ့ စိတ်ဓာတ်ထားရမယ်။ အောင်မြင်ချက်တွေကိုလည်း
အားလုံးနဲ့ဆိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ကို ထားရ မယ်။ ဒါဟာ တကယ့်ကို
ညီညွတ်ရေးရဲ့အခြေခံပါပဲ။

ဒီတော့ ကျမတို့ ပင်လုံစိတ်ဓာတ်ကို ထူထောင်နိုင်ရင် ကျမတို့တိုင်းရင်းသားအားလုံး
... ကျမ တိုင်းရင်းသားထဲ မှာ ဗမာကိုပါ ထည့်ပြီးတော့ ပြောလိုက်မယ်။ ဗမာနဲ့
တိုင်းရင်းသားဆိုတာ ဒါပြောစရာမလိုဘူး။ ကျမတို့လည်း တိုင်းရင်းသားလူမျိုးပဲ။
ဒီထဲက တိုင်းရင်းသားတစုပဲ။ အဲဒီတော့ ကျမတို့ တိုင်းရင်းသားအားလုံးရဲ့ လုပ်ဆောင်
ချက်ကြောင့် အောင်မြင်တယ်ဆိုတာကိုပဲ ကျမတို့ ရှေ့ရှုပြီးတော့
ကြိုးစားသွားပါ့မယ်လို့ … ကျမ … ကတိပြု တယ်ပဲပြောပါရစေ။ ကျမ … ကျမကတိ
သိပ်ပြီးတော့လည်း မပေးချင်ဘူး။ ကတိဆိုတာ သေချာတည်နိုင် တယ်ဆိုတဲ့ဟာကို
အာမခံချက်ရှိမှ။ အဲဒီတော့ ကျမ လုပ်နိုင်သလောက်လုပ်သွားပါ့မယ်။ ကျမ တတ်နိုင်သ
လောက် ဒီတာဝန်ကို ကျေပွန်အောင်လုပ်သွားပါ့မယ်လို့ပဲ ပြောပါရစေ။ အားလုံးကို
ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ ....)

မှတ်ချက် - အသံကူးယူမှု ချွတ်ယွင်းချက်ကြောင့် စာသားအဖြစ် ပြောင်းလဲရေးသားရာတွင်
အကျအပေါက်တချို့ ကျန်ရှိနိုင်ပါတယ်။
See More...

ဇိုပြည်နှင့် ဇိုမိံးလူမျိုး (Zogam leh Zomi)

ဇိုမိံး လူမျိုး၏နယ်မြေ (ZOMI NAMTE GAM)
တည်နေရာ။    ။ အိန္ဒိယအရှေ့ပိုင်း( mal-sak)နှင့် မြန်မာပြည်အနောက်မြောက်ပိုင်း(
mal-khang)၊ နေရာဒေသ(sim leh mal)ကိုလိုက်၍ ဟိမ၀န္တာ(Himalaya)တောင်ကြောတလျှောက်မှ ဘင်္ဂံလားပင်လယ်အော်(Bay of Bengal) အနီးထိ၊ တောင်နှင့်မြောက်ကိုလိုက်၍ အိန္ဒိယပြည် မြေပြန့်ဒေသမှ သည်မြန်မာပြည်မြေပြန့်ဒေသ ကြားနေရာ။ ဤတောင်တန်းဒေသများတွင် တိဘက်-မြန်မာခေါ်(Tibeto-Burman)လူမျိုးစုများ နေထိုင်ကြပါသည်။ တိဘက်-မြန်မာ( Tibeto-Burman)ထဲမှ 'ဇိုမိံး' (Zomi)မျိုးနွယ်စုသည် အိန္ဒိယပြည်အင်ဖား(Imphal)မြေပြန့်ဒေသမှ မြန်မာပြည် စစ်တကောင်းအထိ နေထိုင်ပိုင်ဆိုင်ကြ၏။ ၎င်းဒေသ ပင်လျှင် ဇိုမိံး မျိုးဌာနေ(Zogam)ပင် ဖြစ်ပါသည်။

ဇိုမိံး လူမျိုးတို့သည် သက္ကရာဇ် ၁၂ ရာစုဝန်းကျင်တွင် ဇိုဌာနေရှိ ကဘော်ချိုင့်ဝှမ်းဒေသသို့ ရောက်ရှိခဲ့ကြပြီး၊ မျိုးနွယ်စုတစ်စုအနေဖြင့် ဘုရား(God) ဖန်ဆင်းသည့် အချိန်မှစ၍ ဇိုအမျိုးအတွက် ထားခဲ့သည့် ကတိတော်နယ်မြေသည် ဤဇိုဌာနေ ဖြစ်သည့်အပြင် အခြားမျိုးနွယ်စုများ ပါဝင် ပတ်သက်ခြင်းကင်း၍ ဇိုမျိုးသာလျှင် ကြီးစိုးသည့် နေရာဖြစ်သော
ဇိုဒေသ(Zogam) ဖြစ်ရာ ဇိုမြေ(Zogam)သည်လည်း ယင်းသို့ဖြင့် ဖြစ်တည်လာ ခဲ့ပါသည်။ အိမ်နီးချင်းများမှာ မြောက်ပိုင်းတွင် မဏိပူရ( Manipur)နှင့် အာသံပြည်ချချားနယ် (Cachar, Assam, India)၊ တောင်ပိုင်းတွင် ရခိုင်ပြည်(Arakan)နှင့် စစ်တကောင်း(Chittagong,
Bangaladesh) တောင်တန်းဒေသ၊ အနောက်ဘက်တွင် တရိပူရနယ် (Tripura,India)နှင့်အရှေ့ဘက်တွင်  မြန်မာပြည်အထက်အညာဒေသ စသော နယ်မြေများက ၀န်းရံထားကာ တိတိကျကျ နယ်မြေ သတ်မှတ်ခြင်းဟူ၍ကား မရှိခဲ့ပေ။

ဇိုပြည်(Zogam)သည် အခြားမျိုးနွယ်များနှင့် ရောနှောနေထိုင်ခြင်းမျိုးမရှိပဲ ဇိုမျိုးနွယ်များသာ နေထိုင်သော ပြည်ဖြစ်၏။ ၁၉၈၀ ခုနှစ်ဗြိတိသျှတို့ ၀င်ရောက်သည့် အချိန်မှ စ၍ တီအိုချောင်း(Ciau)၏ ရှေ့ဘက်ခြမ်းကို ချင်းတောင်ဒေသ(Chin Hill)၊ အနောက်ဘက်ခြမ်းကို လူရှိုင်းတောင်ဒေသ(Lushai Hill)၊ မြောက်ဘက်ပိုင်းကိုမူ ကြူရီချမ်းပူလ် ခရိုင်(Churachandpur District) အမည်ပေးခဲ့ပါသည်။ သို့ရာတွင် ၎င်းသုံးဒေသသည် ဇိုပြည်အားလုံးကို မခြုံငုံနိုင်ပေ။ ချင်းတောင်ဒေသတွင် ဇိုမိံး လူမျိုး (Zomi)နှင့် လိုင်မိံး (Laimi) လူမျိုးများ ကြီးစိုး၍၊ လူရှိုင်းတောင်ဒေသတွင်(Lushai Hill) လူရှိုင်းလူမျိုးများ ကြီးစိုးကြသည်။ ယနေ့ လူရှိုင်းတောင်တွင် လူဦးရေ ၉၀၀,၀၀၀ ခန့် နေထိုင်ကာ ချင်းတောင်တွင် လူဦးရေ ၅၀၀,၀၀၀ ခန့် နှင့် ကြူရီချမ်းပူလ်( Churachandpur) ခရိုင်တွင် လူဦးရေ ၂၀၀,၀၀၀ ၀န်းကျင်ခန့် နေထိုင်ပါသည်။  ဇိုပြည်(Zogam) ရှိ့ မြို့ပြများမှာ မြန်မာနိုင်ငံတွင် - တီးတိန်မြို့၊ တွန်းဇံမြို့၊ ထုထ်လိုင်မြို့၊ ကလေးမြို့၊ ကလေးဝမြို့၊ ခမ်းပတ်မြို့၊ တမူးမြို့၊ ဟုမ္မလင်းမြို့၊ ဟားခါးမြို့၊ ဖလမ်းမြို့၊ ထန်တလန်မြို့၊ မတူပီးမြို့၊ 
ကန်ပက်လက်မြို့၊ ပလက်ဝမြို့နှင့် မင်းတပ်မြို့တို့ ဖြစ်ကြသည်။ မီးဇိုရမ်(Mizoram)တွင် - အိုက်ဇောလ်မြို့(Aizawl)၊ လုံးလေမြို့(Lunglei)၊ စိုင်ဟာမြို့(Saiha)၊ လောင်တလိုင်မြို့(Lawngtlai)၊ ချအောင်းသဲမြို့(Chawngte)၊ ချမ်းဖိုင်းမြို့(Champhai)၊ ကိုလစစ်မြို့(Kolasib)၊ ဆာချချစ်မြို့(Serchhip)နှင့် မာမစ်မြို့တို့ဖြစ်ကြပါသည်။  လမ်းကာ( Lamka or Chhurachandpur) ခရိုင်တွင် - လမ်းကာမြို့(Lamka)၊ ထန်းလုံ(Thanlon)၊ စင်ငတ်( Singngat)၊ ပါးဘုမ်(Parbung or tipaimukh)နှင့် ဟင်လက်(Henglep)မြို့တို့ဖြစ်
ကြပါသည်။

အကျယ်အ၀န်း။    ။ဇိုပြည်(Zogam)၏ တောင်နှင့်မြောက်အလျားသည် ဧကွေတာ(Equator)မှ လတ္တီကျူး ၂၁.၅၆ ဒီဂရီနှင့် ၂၄.၃၀ ဒီဂရီ ကြားတွင် ရှိပြီး၊ မိုင်ပေါင်း၂၅၀ ခန့်ရှည်လျား မည်ဟု တွက်ဆထား၏။ အရှေ့နှင့်အနောက်သည် လောင်ဂျီကျူး ၉၂.၁၆ဒီဂရီနှင့် ၉၄.၂၀ဒီဂရီကြား၌ တည်ရှိ၍ မိုင်ပေါင်း ၂၂၀ ခန့် ကျယ်ဝန်းပါသည်။ တောတောင်
ထူထပ်သည့်အပြင် ဖြတ်သန်းသွားလာရန် လမ်းခရီး ကောင်းမွန်စွာ မရှိသဖြင့် အကျယ်အ၀န်းကို မိုင်ဖြင့်သော်လည်းကောင်း၊ ကီလိုမီတာဖြင့်သော်လည်းကောင်း တွက်ဆရန်
အလွန်ပင် ခက်ခဲလှပါသည်။ လူရှိုင်းတောင်တန်းသည် ၂၁,၀၈၇ စတုရန်းကီလိုမီတာ၊ ချင်းတောင်သည် ၁၄,၀၀၀ စတုရန်းကီလိုမီတာနှင့် လမ်းကာ(Lamka)ခရိုင်သည် ၄,၅၇၀ 
စတုရန်းကီလိုမီတာ စသည်ဖြင့် အသီးသီးကျယ်ဝန်းပါသည်။ ဤသုံးဒေသအပြင် ဇိုပြည်၏ အခြားကျယ်ဝန်းသော ပိုင်မြေများရှိသေး၏။ ဇိုမျိုးနွယ်များ၏ စုစုပေါင်းနယ်မြေ အကျယ်အ၀န်းမှာ ဧရိယာစတုရန်းကီလိုမီတာပေါင်း ၁,၂၄,၅၀၀ ခန့်ဖြစ်ပါသည်။

ဘူမိအနေအထား။    ။ဘူမိပညာရှင် ဒေါက်တာဝုမ်းဆွဏ်(Dr. Vum Son)၏ အမြင်အရ ဇိုပြည်သည်လွန်စွာ သက်နုလှပါသည်။ ကျောက်များသည်လည်း ' sandstone and slate' အမျိုးအစားများသာ ဖြစ်သဖြင့် မိုးရေနှင့်ချောင်းေ။ရများ လွယ်ကူစွာ တိုက်စားနိုင်သော ကျောက်မျိုးဖြစ်၏။ မြေစိုင်မြေခဲများမှာလည်း ခိုင်ခံ့ခြင်းကင်းသဖြင့် မိုးရေသည် 
လွယ်လင့်တကူ ၀င်ရောက်နိုင်ပြီး မြေပြိုခြင်းများလွယ်ကူစွာ ဖြစ်ပေါ်နိုင်ပါသည်။ လူရှိုင်းတောင်၏ မြေသက်တမ်းမှာ ကိုလ်ဇောအစ် ဧရာ (Corezoic Era)ဟုခေါ်သော လွန်ခဲ့သော နှစ်သန်းပေါင်း ၁၀ မှ ၁၅ အချိန်ခန့်က စတင်ဖြစ်တည်သည်ဟု တွတ်ယူထားပါသည်။  ချင်းတောင်တန်းသည် လူရှိုင်းတောင်တန်းထက် ပို၍ သက်ရင့်သည်ဟု 
ဆိုကြပါသည်။ ဇိုပြည်၏ မြေအနေအထားသည် ဆွစ်ဇာလန်ပြည်(Switzerland)ရှိ အက်ပ်(Alps)တောင်၏ မြေ ဖလစခ်ျ(flysch)နှင့် အလွန်တူသဖြင့် ဇိုမြေကို 'Zo flysch' ဟူ၍ပင် 
တစ်ချို့က ဆိုကြပါသည်။ ဇိုပြည်သည် မြေအောက် သယံဇာတ လွန်ပပ်ပေါကြွယ်မည်ဟု ယုံကြည်ကြပါသည်။ လက်ရှိ ကလေးနယ်ရှိ မြွေတောင်တွင် ခရိုမိုက်နှင့် နီကယ်မြောက်
များစွာ တွေ့ရှိရပါသည်။ လိုင်စတုန်းနှင့် စလိတ်(Linestone and slate)တို့ကိုလည်း တွေ့ရှိရသည်ဟုဆိုပါသည်။

မြေမျက်နှာသွင်ပြင်။     ။ဇိုပြည်သည် တစ်ပြည်လုံးနီးပါး တောတောင်ချိုင့်ဝှမ်းများနှင့် ပြည့်နှက်နေပြီး ယင်းတို့ကို အမျိုးစုံသော သစ်ပင်ပန်းပင်များက လွှမ်းခြုံထားသဖြင့် စိမ်းလန်းစိုပြေ နေပါသည်။ မြင့်မားသော တောင်ထိပ်များကို တိမ်လွှာများအုပ်လေ့ရှိသဖြင့် လွမ်းမောစရာလည်းကောင်း၏။ ၎င်းတောင်များမှ စိမ့်စမ်းရေများလည်း ထွက်ရှိသော
ကြောင့် တောင်ကျော တစ်ခုနှင့်တစ်ခုကြားတွင် တောင်ကျချောင်းများ တသွင်သွင်စီးဆင်းကြပါသည်။ ဇိုပြည်၌ မြေပြန့် အလွန်ပင်ရှားပါး၍ တောင်နှင့်တောင် တစ်ခုကြားရှိ အနည်းငယ်သော မြေပြန့်များတွင် စပါးစိုက်ပျိုးပါသည်။ တစ်ပြည်လုံးတွင် ချမ်းဖိုင်း(Champhai)လယ်ကွင်း
သည် အကျယ်ဆုံးဖြစ်ပါသည်။ တောင်နှင့်ချိုင့်များကြားတွင် နေရာ
အလိုက် အင်းအိုင်ငယ်များ ရှိကြပြီး၊ တီအို(Ciau)ချောင်း အထက်ရှိ 'ရိ'(Lih)ရေအိုင်နှင့် ချိဟိမ်းတွီးပွေး(Chhimtuipui)
ရှိ 'ပလက်'(Palak)အိုင်တို့သည် အကြီးဆုံးဖြစ်ကြသည်။
မီးဇို(Mizo)ရိုးရာယုံကြည်မှုတွ
င် မရဏနိုင်ငံ သွားရာလမ်းတွင် 'ရိ'ရေအိုင်ကို ဖြတ်သန်းသွားသည်ဟု ယုံကြည်ကြပါသည်။ ဇိုပြည်တွင် တီးတိန်မြို့နယ်အတွင်းရှိ 'လင်းနူးပါး'(Len Nupa)ဒေသသည် အကောင်းဆုံနေရာတစ်ခုဖြစ်ပြီး ယင်းကို မီးဇိုလူမျိုးများက 'ဘွဏ်နယ်လ်'(Buannel)ဟူ၍ သမုတ်ကြ၏။

ရာသီဥတု။    ။ဇိုပြည်သည် ကမ္ဘာပေါ်တွင် ရာသီဥတု အကောင်းဆုံးဒေသများထဲတွင်ပါဝင်
ပါသည်။ ဧကွေတာနှင့် ဥတ္တရယဉ်စွန်းတန်းနှင့်ဒက္ခိဏယဉ်စွန်းတန်းကြားဒေသ၌
တည်ရှိပြီး 'ဆပ်ထရောပီကယ်'(Sub-tropical)ဟု
ခေါ်သောဒေသဖြစ်သော်လည်း 'အပူပိုင်း'(Tropical)ဒေသဟု အလွယ်ခေါ်ကြပါသည်။ နေရောင်နှင့်မိုး ကောင်းသဖြင့် နွယ်
မြက်သစ်ပင်တို့အတွက် အဆင်ပြေလှပါသည်။ အပူနှင့်အအေးလွန်ကဲခြင်းမရှိသြ
ဖင့် စိုက်ပျိုး၍မဖြစ်ထွန်းသော မျိုးစေ့သီးနှံဟူ၍ မရှိပေ။ ဆောင်းရာသီသည် နိုဝင်ဘာလမှ
ဖေဖော်ဝါရီလအထိ၊ နွေရာသီသည် မတ်လမှ မေလအထိနှင့် မိုးရာသီသည်အရှည်ဆုံးရာသီဖြစ်ြ
ပီး ဇွန်လမှ အောက်တိုဘာလအထိဖြစ်ပါသည်။ ပျမ်းမျှအားဖြင့် အပူချိန်သည် ဆောင်းကာလတွင် ၁'C မှ ၁၅'C ကြားနှင့် နွေရာတွင် ၂၀'C နှင့် ၃၀'C ကြားတွင် ရှိပါသည်။ မိုးရွာသွန်းနှုန်းမှာ ကောင်းမွန်ပြီး တစ်နှစ်ပတ်လုံး ပျှမ်းမျှ မိုးရေချိန်မှာ
လက်မ ၂၀၀ ခန့် ဖြစ်ပါသည်။

တောင်များ။     ။ဇိုပြည်တွင် မြင့်မားသော တောင်များ အမြောက်အများရှိပါသည်။ ဇိုရာဇ၀င်လာ ထင်ရှားသော တောင်နှစ်ခုမှာ 'ထန်မွလ်'(Thangmual)နှင့် 'လဲင်းတန်'(Lentang)ဖြစ်ပါသည်။ ဇိုတစ်ပြည်လုံးရှိ ထင်ရှားသော တောင်များသည် ချင်းတောင်တွင်တည်ရှိပြီး ချင်းတောင်ရှိ အမြင့်ဆုံးတောင်သည် 'ခေါ်နူး'(Khawnu)ခေါ် '၀ိတူရိယ'(Mt. Victoria)ဖြစ်ပြီး အမြင့်ပေ ၁၀,၄၀၀ ဖြစ်၍ ဒုတိယအမြင့်ဆုံးတောင်မှာ 'ထွမ်းဝူမ်း'(Thuam Vum)ခေါ် 'ကနေဒီ'(Kenedy)တောင် အမြင့်ပေ ၉,၀၀၀ ဖြစ်ပါသည်။
လူရှိုင်းတောင်တွင် အမြင့်ဆုံးတောင်သည် ချချမ်းတွီးပွေး(Chhimtuipui) ခရိုင်ရှိ 'ဖောင်ပွေးဝူမ်း'(Phawngpui Vum) အမြင့်ပေ ၇,၁၀၀ ဖြစ်ပြီး ဒုတိယအမြင့်ဆုံးတောင်သည်
ရှာလ်ကာလ်တန်(Sialkaltang)ရှိ လဲင်းတန်ဝုမ်း(Lenteng Vum) အမြင့်ပေ ၇,၀၅၀ ဖြစ်ပါသည်။ လမ်းကားခရိုင်တွင် အမြင့်ဆုံးတောင်သည် ထန်ချင်း(Thangching vum)အမြင့်
ပေ ၆,၅၅၈ ဖြစ်ပါသည်။ ၎င်းတို့အပြင် အခြားထင်ရှားသောတောင်မြင့်များ
မှာ ချင်းတောင်တွင်-'ထန်မွလ်'(Thangmual)၊အင်းဘူတ်မွလ်(Innbuk mual)၊လွန်မွလ်(Lunmual)၊
ဘွိုင်းပါးမွလ်(Bawipa mual)၊ အောတရောမွလ်(Awtaraw mual)၊ လင်းတန်(Lentang)၊ တန်မွလ်(Takmual)၊ဆွဏ်းဝုမ်းမွ
လ်(Suangvum mual)နှင့် ခူမ်းဝုမ်းမွလ်(Khumvum)
တို့ဖြစ်ကြပါသည်။လူရှိုင်းတော
င်တွင်- ဆွာတလန်း(Surtlang)၊လာတလန်း(Lurhtlang)၊ ဇိုပွေးတလန်း(Zopui Tlang)၊ ရှာလ်ကာလ်တန်(Siankaltang)၊ဆာကောမွေတွဲတလန်း
(Sakawrhmuituaitlang)၊ ရိအက်တလန်း(Reiek Tlang)နှင့် ဒါ့ပါးမွလ်(Dahpa mual)တို့ဖြစ်ကြပါသည်။ လမ်းကားခရိုင်-လဲင်းတန်(
Lengtang)၊ဟယံကွပ်(Hiangkot)၊လုံထွေး
တန်(Lungthul Tang)၊ကိုက်လမ်တန်(Kaihlam Tang)နှင့် ဗန်ဂိုင်တန်(Vangai Tang)တို့ဖြစ်ကြပါသည်။

မြစ်ချောင်းများ။    ။ဇိုပြည်သည် တောတောင်မြစ်ချောင်းများနှင့် ပြည့်နှက်နေပြီး၊' ဂွန်လွေး'မြစ်(Gun Lui)သည် အထင်ရှားဆုံးဖြစ်ပါသည်။ ယင်းကို 'မေတေဂွန်'(Meitei Gun) (၀ါ) 'မဏိပူမြစ်'ဟုခေါ်ကြသူများလည်းရှိပါသည်။ မဏိပူရမြစ်သည် မဏိပူရ်ပြည်၊အိန္ဒိယမှ မြစ်ဖျားခံလာပြီး တီးတိန်မြို့နယ်အတွင်းစီးဆင်းကာ ထိုမှ ဖလမ်းမြို့နယ်အတွင်းဆက်လက်စီးဆင်းကာ အရှေ့ဘက်ကိုဦးတည်ပြီး 'မြစ်သာ'မြစ်နှင့်ပေါင်းဆုံ၍ 'ချင်းတွင်း'မြစ်ထဲသို့စီးဝင်သွားပါသည်။ ချင်းတောင်ရှိထင်ရှားသော မြစ်ချောင်းများမှာ- ဂွန်(Gun)၊ ကုလားတန်(Kaladan)၊ ဘွိုင်းနူး(Bawinu)၊ တီအို(Ciau)၊ ရှာလ်တန်(Sialtang)၊ မစ္တ(Mitta)နှင့် လဲမ်းရို(Lemro)တို့ဖြစ်ကြပါသည်။ လူရှိုင်းတောင်တွင်- တလောင်း(Tlawng)၊ချဟမ်းတွီးပွေး(Chhimtuipui or Koladyne)၊ ခေါ်တလန်တွီးပွေး(Khawthlangtuipui)၊ တွီးရီယဲ(Tuirial)၊ တွီးပွေး(Tuipui)၊ တွီးဗိုင်(Tuivai)၊ တွီးရီးနီ(Tuirini)၊ ဆာလွေး(Serlui)၊ တွီးချန်(Tuichang)၊မတ်(Mat)စသည်တို့မှာ ထင်းရှားပါသည်။ လမ်းကားခရိုင်တွင်- တွီးဗိုင်(Tuivai)၊ တွီးဗလ်(Tuivel)၊တွီးထား(Tuitha)၊ တွီးလပ်(Tuilak)၊တွီးဆာ(Tuisa)၊တွီးလီ(Tuili)၊ တွီးဇံ(Tuizang)၊ တွီးကွေ(Tuikui)၊တွီးလျန်း(Tuilian)၊ ငါဇမ်လွေး(Ngazam lui)၊တွီးပီး(Tuipi)နှင့် လံဗား(Lanva)စသည်တို့မှာ ကျော်ကြားပါသည်။

ဇိုမိံးလူမျိုးများ(ZOMI NAMTE)
ဇိုမိံးလူမျိုးများက 'ဇိုဆွမ်း'(Zosuan)ဟုခေါ်သော၊ မီးဇို(Mizo)လူမျိုးများက 'ဇိုနထလပ်'(Zo hnahthlak)ဟုခေါ်သောလူမျိုးများသည် ဗြိတိသျှအစိုးရက မသိမ်းပိုက်မှီတွင် 'တောင်တန်းနေလူရိုင်းများ'(wild hill tribes)ဟု သတ်မှတ်ကြပြီး၊ ပိုင်နက်နယ်မြေကို'စီရင်ကင်းနယ်မြေ'(un-administered area)ဟူ၍ သတ်မှတ်ခဲ့ပါသည်။ ဇိုဆွမ်း(ဇိုမျိုးနွယ်စု) များထဲမှ အနောက်ဘက်ပိုင်းဒေသသို့ စောစွာရောက်နှင့်သူများကို ဘင်ဂလီ(Bengali)နှင့် အာသံသား(Assamese)များက 'ကူကီး'(Kuki)ဟုသတ်မှတ်ခဲ့ကြပါသည်။ ဤမှတ်တမ်းမှာ ၁ ၇၉၂ ခုနှစ်ခန့်က အင်္ဂလိပ်လို ရေးထိုးထားဟန်ရှိပါသည်။ ဗြိတိသျှအစိုးရသည် ၁၈၇၂ ခုနှစ် မတိုင်မှီ မီဇိုပြည်နယ်၊အိန္ဒိယကို စတင်သိမ်းပိုက်စဉ်အခါက ၎င်းဒေသတွင် လူရှိုင်းလူမျိုးအများဆုံးနေထိုင်သဖြင့် လူရှိုင်းတောင်(Lushai Hills)ဟု မှည့်ခေါ်ခဲ့ကြပါသည်။ မြန်မာပြည်ဘက်တွင်မူ ချင်းဟု ခေါ်ဝေါ်ခဲ့ကြပါသည်။ သို့ရာတွင် 'ချင်း'ဆိုသည့် ဝေါ်ဟာရ၏ အဓိပ္ပ္ပ္ပာယ်၊ စတင်ပေါက်ဖွားလာပုံနှင့် မည့်သည့်အချိန်တွင်စတင်ပေါက်ဖွားလာသည်ကို ဂဃနဏ လေ့လာထားခြင်းမရှိသေးပေ။ တစ်နည်းအားဖြင့် 'ဇို'လူမျိုးများကို 'ချုင်း'ဟုခေါ်ကြခြင်းမှာ ဗမာလူမျိုးများခေါ်ကြသည်ကို မွေးစားခြင်းလော သို့တည်းမဟုတ် အင်္ဂလိပ်စစ်တပ်သည် ချင်းတောင်ကိုသိမ်းပိုက်စဉ်က အဦးဆုံးဒေသမှ တွေ့ရှိသော ရွာသူကြီး၏ အမည် ဦးခိုကျင့်(Pu Khaw Cih)ကို အစွဲပြု၍ 'ခိုကျင့်တောင်'(၀ါ)'ကျင့်တောင်'(Khaw Cin hills/Cin hills) ဟုခေါ်ဝေါ်သည် လည်း    ဖြစ်နိုင်ပါသေးသည်။ မည်သို့ပင်ဖြစ်စေကာမူ 'ချင်း'ဟူသောအမည်ကို လက်ရှိမြန်မာနိုင်ငံတွင်နေထိုင်ကြသော ဇိုလူမျိုးများကိုသာ အခေါ်များပြီး အိန္ဒိယဘက်ရှိဇိုများကိုမူ လူရှိုင်း(သို့) ကူကီးဟူသော အမည်ဖြင့်အခေါ်များပါသည်။ မျက်နှာဖြူများသည် တစ်မျိုးတစ်နွယ်တည်းပေါင်းခေါ်လိုသော အခါများတွင် 'ချင်း-ကူကီ'(Chin-Kuki)'ဟူ၍သော်လည်းကောင်း၊ချင်း-လူရှိုင်း'(Chin-Lushai)ဟူ၍ဖြစ်စေ၊'ချင်း-လူရှိုင်း-ကူကီး'(Chin-Lushai-Kuki)ဟု တစ်ဖြင့်လည်းခေါ်ခဲ့ပါသေးသည်။ ထို့ကြောင့် ဗြိတိသျှအစိုးရသည် ဇိုလူမျိုးများကို အုပ်ချုပ်ရန်အတွက် ၁၈၉၆ ခုနှစ်တွင် ရေးဆွဲသော အက်ဥပဒေကို 'Chin Hills Regulation Act' ဟုအလွယ်ပင် အမည်တပ်ခဲ့ပါသည်။ ဤစည်းမျဉ်းဥပဒေကို ချင်းတောင်အပြင် လူရှိုင်း၊ကူကီးနှင့် နာဂ လူမျိုးများနေထိုင်ရာ ဒေသအထိပါ အသုံးပြုခဲ့ပါသည်။

အင်္ဂလိပ်မျက်နှာဖြူများက ချင်း၊ကူကီး၊လူရှိုင်းစသည်ဖြင့် သတ်မှတ်ကြသော်လည်း ၎င်းတို့ကိုယ်တိုင်ပင် "သူတို့ကိုသူတို့တော့ ချင်းရယ်၊ကူကီးရယ်လို့ 'လုံးဝ' မခေါ်ကြပေဘူး"ဟုပြောစမှတ်ပြုကြပါသည်။ ဂျေဂျီစကော့(J.G Scott)၏ 'Burma' စာအုပ်တွင် "The names Kuki and Chin are not national, and like others, the people do not accept the name given to them by the Burmese and ourselves; they do not call themselves Chins and they equally flout the name of Kuki which their Assamese and Bengali neighbours use. They call themselves Zhou or Shu, and on other parts Yo(Zo) or Lai"ဟုရေးသားထားပြီး၊ ဒေါက်တာ ဂျီအေဂရေဆွန်သည်လည်း အခြားသူများနည်းတူ ရေးသားခဲ့သေး၏။ Bertram S. Carey နှင့် H.N Tuck တို့နှစ်ဦးသည်လည်း Zote, Thadote နှင့် Guite အကြောင်းပူးတွဲရေးသားရာ၌ " These Zos, Thados and Guites are called by the Manipuri's Kuki or Khongjais, who only made their acquaintance after they had migrated north, but the people call themselves by the name of Zo(Yo)"ဟုရေးသားထား၏။ ဂွေးသဲ(Guite)တိုက်သူကြီး(သို့)စော်ဘွား ဦးဂိုခိုထန်(Pu Go Khaw Thang)ကိုလည်း "Go Khaw Thang, who, asalready related, was seized by the Manipuris in the course of the Lushai expedition of 1871-72, was the Zo Chief of Mualpi,"ဟု ဇိုခေါင်းဆောင်းဟူ၍ သုံးနှုန်းထားပါသည်။ မျက်နှာဖြူများက ချင်း၊ကူကီး စသည်ဖြင့် မှတ်တမ်းမှတ်ရာများပြုထားသော်လည်း မိမိတို့သည် ချင်းအမည်ဖြင့်ဖြစ်စေကူကီးအမည်ဖြင့်ဖြစ်စေ မည်သည့်အခါမျှ မခေါ်ကြကြောင်း ရှင်းလင်းပြတ်သားစွာ သိရှိထားကြပြီးဖြစ်ပါသည်။ အလားတူပင် ဤဆောင်းပါးတွင်လည်း 'ဇိုလူမျိုး'ဟု စတင်အသုံးပြုထားပါသည်။

ဇိုလူမျိုးများကို သုတေသီများက Mongolianအနွယ်၊ Tibeto-Burman အထဲမှ ဖြစ်သည်ဟုဆိုကြပါသည်။ 'Mongol'သည် လူမျိုးနာမည်ဖြစ်ပြီး၊' Mongolian'မှာ ၎င်း၏ နာမ၀ိသေသနဖြစ်ကာ 'Mongolia'ကား နေရာဒေသ(တိုင်ပြည်)အမည်ဖြစ်ပါသည်။ တဖန် 'Mongoloid'သည် 'Mongol' လူမျိုး၏နွယ်ဖွားမှန်သမျှကိုရည်ညွှန်းပါသည်။ ထို့ကြောင့်
ဇိုလူမျိုးများသည် ရူပလက္ခဏာကိုလိုက်၍ ကမ္ဘာ့လူမျိုးကြီးသုံးမျိုးထဲမှ 'Mongoloid'နွယ် နှင့် ဘာသာစကားအရ 'Mongoloid'အနွယ်သုံးမျိုးထဲမှ Tibeto-Burman များဖြစ်ကြပါသည်။

ဇိုလူမျိုးများ၏ မျိုးရိုးဇစ်မြစ်(Ethnic origin)ကို တိတိကျကျ ဖော်ထုတ်ထားခြင်းမရှိသေးသော်လည်း တရုတ်ပြည်မှ တိဘက်ပြည်ကိုဖြတ်ပြီး အညာဒေသသို့ ရောက်ရှိလာကြကာ ထိုမှ ယခုနေထိုင်ရာနေရာများသို့ပျံ့နှံ့နေထိုင်လာကြသည်ဆိုသည်မှာ လက်ခံထားကြပြီးဖြစ်သည်။ ဦးဝုမ်ဆွဏ်(Pu Vum Sin)၏ အမြင်အရ လူမျိုးအမည် 'ဇို'သည် 'ဇို'ဟုခေါ်သောလူတစ်ဦးမှ ဆင်းသက်လာခဲ့ကြသောကြောင့်ဖြစ်သည်ဟုဆိုပါသည်။ ဘိုးတော်ဇိုသည် တရုတ်ပြည်တွင် မျိုးနွယ်တူဖြစ်သော တိဘက်လူ၊ ဗမာ၊ နာဂ၊ ကသဲ၊ဘူဒူ၊
ကချင်၊လာဟူးစသည်တို့နှင့်အတူ နေထိုင်ခဲ့ပါသည်။ ခရစ်တော်မပေါ်မှီကာလတွင် တရုတ်ပြည်မှ ထွက်ခွါလာခဲ့ပြီး ခရစ်တော်ပေါ်ပြီးသောအချိန်၌ ချင်းတွင်းမြစ်ရိုးတလျှောက်၌
နေထိုင်နှင့်ကြပြီးဖြစ်ပါသည် ဟုဆိုပါသည်။

အထက်အညာဒေသမှ ချင်းတောင်တန်းဘက်သို့ပြောင်းရွေ့ကြသည်မှာ အေဒီ ၁,၀၀၀( AD 1,000)ခန့်ကဖြစ်မည်ဟု တွက်ဆထားပါသည်။ တောင်တန်းဒေသသို့ ပြောင်းရွေ့နေ
ထိုင်သွားကြသည့်အထဲမှ အချို့သည် 'ကျိမ်နွဲ'(Ciimnuai)ရွာကိုတည်ကြပါသည်။ ယင်းလူတစ်စုသည် လျက်ရှိတွင်  တီးတိန်မြို့နယ်၊တွန်းဇံမြို့နယ်၊ အိန္ဒိယပြည်မှ မဏိပူရပြည်နှင့် မီဇိုရမ်(Manipur and Mizoram)စသော နေရာများတွင်နေထိုင်သော ကျိမ်နွဲဖွား-ဇိုမီးများ ဟူ၍ခေါ်ကြသည့် လူမျိုးများဖြစ်ကြပါသည်။ ကျိမ်နွဲ့ရွာသည် လက်ရှိ တီးတိန်မြို့နယ်၊ ဆိုင်းဇံကျေးရွာအနီးတွင်ရှိပါသည်။ တစ်ချို့က ဆွန်ထလား(Sunthla khua)ရွာ အနီးတွင် 'လိုင်းလွန်း'(Lailun)ရွာကို တည်ခဲ့ကြပြီး ၎င်းတို့သည် ဖလမ်းမြို့နယ်၊ ဟားခါးမြို့နယ်နှင့်
ထန်တလန်မြို့နယ်အတွင်းရှိ 'လိုင်'(Lai)(လိုင်းလွန်းဖွား)များဖြစ်ကြပါသည်။ တစ်ချို့ကမူ 'ဆွမ်ပွေး'(Sumpui)အရပ်၌ 'ဘူချွန်း'(Bochung)ရွာ တည်ကြကာ ထိုမှ မီးဇိုပြည် (Mizoram)ဘက်သို့ပြန့်နံ့နေထိုင်ကြပါသည်။ယင်းလူမျိုးများမှာ လူရှိုင်းနွယ်များဖြစ်ကြပါသည်။

ပြောင်းရွေ့ခြင်းမရှိသော ဇိုလူမျိုးတစ်ချို့သည် ယောနယ်တွင် ကျန်ခဲ့ကြပြီး ဗမာလူမျိုးများနှင့် ရောပြွမ်းနေထိုင်ကြသဖြင့် ဗမာမပီ၊ ဇိုမမည် လူမျိုးများဖြစ်လာကြပါသည်။ ဗမာလူမျိုးများက 'ဇို'ကို 'ယော' ဟုရေးခဲ့ကြသောကြောင့် 'ယောလူမျိုး'ဖြစ်လာခဲ့ကြပါသည်။ ဇိုလူမျိုးများ ချင်းတောင်ဒေသသို့ အလုံးအရင်းဖြင့်မပြောင်းရွေ့မှီကာလတွင် 'ခူမီး'(Khumi/khami)များရောက်နှင့်နေ ဟန်ရှိပါသည်။ အရှို(Asho)များသည် တောင်တန်းဘက်သို့ပြောင်းရွေ့ခြင်းမရှိပဲ မြေပြန့်ဒေသနှင့် ရခိုင်ဒေသဘက်သို့ရွေ့သွားကြပါ သည်။ ချို(Cho) မူကား မည်သို့မည်ပုံ ပြောင်းရွေ့နေထိုင်သည်ကို မသိရှိပါ။

ဤသို့ဖြင့် ဇိုလူမျိုးများသည် တခြားမျိုးနွယ်များက အမျိုးမျိုးသောခေါ်ဝေါ်မှုကြောင့်ဖြစ်စေ၊ ပြောင်းရွေ့နေထိုင်ရာ ကွဲပြားမှုကြောင့်ဖြစ်စေ ယနေ့တွင် တစ်နွယ်ဖွားအဖြစ်မှ များ
စွာသော မျိုးနွယ်ဘ၀သို့ ရောက်ရှိခဲ့ရရှာပါသည်။ ဤကဲ့သို့ အမျိုးမျိုးသောနွယ်ဖွားဖြစ်ခဲ့ရသည်မှာ  ရှေးကာလ ကတည်းက တစ်မျိုးနွယ်တည်းဖြစ်ခဲ့ပြီး တဖြည်းဖြည်းခြင်း ကွဲ
ပြားလာသည်လော သို့တည်းမဟုတ် ယခင်ခေတ်မှစ၍ နွယ်ဖွားအသီးသီးမှဖြစ်ပြီး တဖြည်းဖြည်း သွေးစည်းလာကြသည်လော ဆိုသည်ကို လေးနက်စွာ နှလုံးသွင်းသုံးသပ်သင့်
သော ကြောင်းအရာတစ်ခုဖြစ်လာခဲ့ပါသည်။
*Khup*
*Secretary
*International Save The Bird Inc.*
*ph +60104311451
See More...

|| Mate leh

see more

|| Um mahmah

bang a hia le