တီးတိန်မြို့ တစ်မြို့လုံးရှိ ဈေးဆိုင်ခန်းများ ဖွင့်လှစ်ခြင်း မရှိ

ယနေ့ ဇွန်လ ၈ ရက်၊ ၂၀၁၂ ခုနှစ်တွင် ချင်းပြည်နယ် တီးတိန်မြို့သို့ ဦးဟုန်းငိုင်း( U Hong Ngai) အလည်အပတ်ရောက်ရှိမည်ဟုသိရှိရပါသည်။  ဤနေ့ရက်တွင် တီးတိန်မြို့ တစ်မြို့လုံးရှိ ဈေးဆိုင်ခန်းများ ဖွင့်လှစ်ခြင်း မရှိသည့်အပြင် တိတ်ဆိတ်စွာနေထိုင်ပြီး သူ့အားအရေးမလုပ်ရန် တစ်မြို့လုံးရှိပြည်သူများက သဘောတူညီထားပါသည်။
ဤကဲ့သို့ပြုလုပ်ရခြင်း၏အကြောင်းမှာ တီးတိန်မြို့အား ခရိုင်အဖြစ်သတ်မှတ်ပေးရန်တောင်းဆိုမှုကို ပယ်ချသောကြောင့်ဖြစ်သည်ဟုသိရှိရပါသည်။

ယင်းအပြုအမူသည် တီးတိန်မြို့ရှိ အုပ်ချုပ်ရေးတာဝန်ရှိသူများ(ပါတီဝင်)နှင့် မြို့မိမြို့ဖမျုား၏ အဆိုပြုချက်ဖြစ်ပြီး မြို့သူမြို့သားများအားလုံးက လွန်စွာမှပင်သဘောတူကြသည် ဟုလည်းကြားသိရပါသည်။ အမိန့်အာဏာဖြင့် ဆိုင်ခန်းများပိတ်ရန် ခိုင်းစေခြင်းမဟုတ်သောကြောင့် စားဝတ်နေရေးစသော အခြေနေအရပ်ရပ်ကြောင့် အနည်းငယ်သောဈေးဆိုင်များမှာ ပုံမှန်အတိုင်းပင် ဆိုင်ဖွင့်ဖြစ်လိမ့်မည်ဟုလည်းသိရှိရပါသည်။

Sr. Suakim

|| Mate leh

see more

|| Um mahmah

bang a hia le